ပုဒ်မ ၄၂၇
ပုဒ်မ ၄၂၇
တန်ဖိုးငွေငါးထောင်ကျပ် သို့မဟုတ် ယင်း၏အထက် ပျက်စီးနစ်နာစေသော အကျိုးဖျက်ဆီးမှု

မည်သူမဆို အကျိုးဖျက်ဆီးမှုကို ကျူးလွန်၍ ထိုသို့ကျူးလွန်ခြင်းဖြင့် တန်ဖိုးငွေ ငါးထောင်ကျပ် သို့မဟုတ် ယင်း၏အထက် ဆုံးရှုံးစေလျှင် သို့မဟုတ် ပျက်စီးနစ်နာစေလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။        
  4.  ပုဂ္ဂလိကပစ္စည်း ပျက်စီးဆုံးရှုံးမှု သို့မဟုတ် ထိခိုက်နစ်နာမှုသာ ဖြစ်လျှင် ကျေအေးခွင့် ရှိသည်။
  5. မည်သည့် တရားသူကြီးမဆို စစ်ဆေးနိုင်သည်။