မည်သူမဆို သူတစ်ဦးဦးအား ထိခိုက်နစ်နာစေရန် ကြံရွယ်လျက်သော်လည်းကောင်း၊ ထိုသို့ ထိခိုက် နစ်နာစေတန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း ပစ္စည်းအမှတ်တံဆိပ်တစ်ခုခုကို ဖယ်ရှားခြင်း၊ ဖျက်ဆီးခြင်း၊ ပုံသဏ္ဌာန်ဖျက်ခြင်း သို့မဟုတ် ထပ်ဖြည့်ခြင်း တစ်ခုခုပြုလျှင် ထိုသူကို တစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။