ချေးငွေအမျိုးမျိုး ထုတ်ချေးခြင်းလုပ်ငန်း ဆိုသည်မှာ-
(၁) ငွေရေးကြေးရေးအဖွဲ့အစည်းက ဆက်သွယ်ဆောင်ရွက်သူအား ထုတ်ပေးနိုင်သော ရန်ပုံငွေ သို့မဟုတ် ငွေရေးကြေးရေး အာမခံများအရ ချေးငွေထုတ်ပေးခြင်း၊ ကြိုတင်ပေးငွေနှင့် အခြားသော ချေးငွေ အမျိုးအစားများ ထုတ်ချေးပေးခြင်း သို့မဟုတ်၊
(၂) ငွေရေးကြေးရေးအဖွဲ့အစည်းက ဆက်သွယ်ဆောင်ရွက်သူများ၏ ပေးရန်တာဝန်များကို ၎င်းတို့၏ ကိုယ်စား ကျခံပေးခြင်းကို ဆိုသည်။