ဝန်ကြီးဌာနသည်-
(က) အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မည်သည့်ဒေသတွင်မဆို ဤဥပဒေ၏ ရည်ရွယ်ချက် အလို့ငှာ လိုအပ်လျှင် အမိန့်ကြော်ငြာစာထုတ်ပြန်၍ -
(၁) သဘာဝထိန်းသိမ်းရေးနယ်မြေများကို အမျိုးအစားအလိုက် သတ်မှတ်နိုင်သည်။
(၂) တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်များကို တည်ထောင်နိုင်သည်။
(ခ) သစ်တောနယ်မြေမှအပ အခြားအစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ခုခု၏ စီမံ ခန့်ခွဲမှုအောက်တွင်ရှိသော မြေတွင် ပုဒ်မခွဲ (က)အရ သတ်မှတ်တည်ထောင်လိုပါက သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းနှင့် ကြိုတင်ညှိနှိုင်း ဆောင်ရွက်ရမည်။
(ဂ) ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂလိက စိုက်ပျိုးလုအဖွဲ့အစည်း၏ပ်ကိုင်ခွင့်၊ လက်ဝယ်ထားခွင့်၊ အသုံးပြုခွင့်၊ အကျိုးခံစားခွင့်၊ ဆက်ခံခွင့် သို့မဟုတ် လွှဲပြောင်းပိုင်ခွင့်ရှိသောမြေတွင် ပုဒ်မခွဲ (က) အရ သတ်မှတ်တည်ထောင်လိုပါက တည်ဆဲဥပဒေနှင့်အညီ မြေသိမ်းယူရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ရမည်။
(ဃ) မည်သည့်နယ်မြေ၊ မည်သည့်နယ်နိမိတ်အတွင်း ပုဒ်မခွဲ (က) အရ သတ်မှတ်တည်ထောင် ရန် ရည်ရွယ်ကြောင်း သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ ကြိုတင်ကြေညာရမည်။
(င) ပုဒ်မခွဲ(က)အရ သတ်မှတ်တည်ထောင်မည့် နယ်မြေဒေသရှိ အများပြည်သူတို့၏ အခွင့်အရေး ထိခိုက်နစ်နာမှုများကို သတ်မှတ်သည့်နည်းလမ်းများနှင့်အညီ စုံစမ်းစစ်ဆေးရန် နှင့် နယ်မြေသတ်မှတ်တည်ထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဒေသခံတိုင်းရင်းသား ပြည်သူများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များပါဝင်သည့် ပဏာမစိစစ်ရေးအဖွဲ့ကို ဖွဲ့စည်း၍ တာဝန်ပေးအပ်ရမည်