(က) အသက် ၁၀ နှစ် မပြည့်သေးသော ကလေးသူငယ်၏ ပြုလုပ်မှုသည် ပြစ်မှုမမြောက်စေရ။
(ခ) ပြုလုပ်စဉ်အခါက မိမိပြုသောပြုလုပ်မှု၏ သဘောနှင့် အကျိုးအပြစ်ကို သိနားလည်လောက်အောင် အမြော်အမြင်၊ အဆင်အခြင်နှင့် မပြည့်စုံသေး၍ အသက် ၁၀ နှစ် အထက်၊ ၁၂ နှစ် အောက်အရွယ်ရှိသော ကလေးသူငယ်၏ ပြုလုပ်မှုသည် ပြစ်မှုမမြောက်စေရ။