မမျှတသည့် ယှဉ်ပြိုင်လုပ်ကိုင်မှုများအား တိုက်ဖျက်ရေး
ဘဏ်သည် အောက်ပါတို့ကို ဆောင်ရွက်ခြင်း မပြုရ-
(က) ငွေရေးကြေးရေးဈေးကွက်များတွင် ထိန်းချုပ်လွှမ်းမိုးနိုင်သည့် အနေအထားကိုရရှိစေမည့် ပဋိ ညာဉ်စာချုပ်များ သို့မဟုတ် သဘောတူညီချက်များကို ချုပ်ဆိုခြင်း သို့မဟုတ် လုပ်ဆောင်မှုများကို ဆောင်ရွက်ခြင်း၊
(ခ) မိမိအတွက်လည်းကောင်း၊ အခြားပုဂ္ဂိုလ်များအတွက် လည်းကောင်း မမျှတသည့် အခွင့်အလမ်း ရရှိစေမည့် မမှန် ကန်သော လုပ်ဆောင်မှုများ ဆောင်ရွက်ခြင်း။