မည်သူမဆို ခိုးရာပါပစ္စည်းသည် ဓားပြမှုကျူးလွန်ခြင်းဖြင့် လက်ပြောင်းသွားကြောင်းကို သိလျက်နှင့်ဖြစ်စေ၊ ထိုသို့ယုံကြည်ရန် အကြောင်းရှိလျက်နှင့်ဖြစ်စေ ထိုပစ္စည်းကို မရိုးမဖြောင့်သော သဘောဖြင့် လက်ခံလျှင်သော်လည်းကောင်း ထိန်းသိမ်းထားလျှင်သော်လည်းကောင်း သို့မဟုတ် ဓားပြဂိုဏ်းတွင် ပါဝင်သူ သို့မဟုတ် ပါဝင်ခဲ့သူဖြစ်ကြောင်း မိမိသိသော သို့မဟုတ် ထိုသို့ယုံကြည်ရန် အကြောင်းရှိသောသူ ထံမှ ခိုးရာပါ ပစ္စည်းဖြစ်ခဲ့ကြောင်း မိမိသိသော သို့မဟုတ် ယုံကြည်ရန်အကြောင်း ရှိသောပစ္စည်းကို မရိုးမဖြောင့်သော သဘောဖြင့်လက်ခံလျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။