ပုဒ်မ ၄၉
ပုဒ်မ ၄၉
သက်သေခံပစ္စည်းသိမ်းဆည်းခြင်းနှင့် ကျွမ်းကျင်သူ၏ သက်သေခံချက်တင်သွင်းခြင်း

စုံစမ်းစစ်ဆေးရေးအဖွဲ့သည် အီလက်ထရောနစ်စနစ်ဖြင့် သိမ်းဆည်းထားသော အီလက်ထရောနစ် သက်သေခံပစ္စည်းများကို အမျိုးသားဒီဂျစ်တယ်ဓာတ်ခွဲခန်း သို့မဟုတ် ဒီဂျစ်တယ်ဓာတ်ခွဲခန်းသို့ ပေးပို့၍ အချက်အလက်ဖော်ထုတ်ခြင်း၊ ရယူခြင်း၊ စီမံဆောင်ရွက်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့ကို ဆောင်ရွက်ပြီး ရရှိလာသည့် စစ်ဆေးတွေ့ရှိချက်ရလဒ် အစီရင်ခံစာနှင့် ထင်မြင်ချက်အား ဦးစီးကော်မတီ သို့မဟုတ် သက်ဆိုင်ရာတရားရုံးသို့ သတ်မှတ်ချက်နှင့်အညီ ကျွမ်းကျင်သူ၏ သက်သေခံချက်အဖြစ် သက်သေခံ တင်သွင်းနိုင်သည်။