မည်သူမဆို ပစ္စည်းကိုဖြစ်စေ၊ တင်ထားသောတာဝန်နှင့်တကွ ပစ္စည်းကိုဖြစ်စေ၊ ထိုပစ္စည်း၌ရှိသော အကျိုးခံစားခွင့်ကိုဖြစ်စေ လွှဲပြောင်းရာရောက်သည်လည်းဖြစ်၍ ထိုလွှဲပြောင်းခြင်းအတွက်ဖြစ်စေ၊ ထိုသို့ တာဝန်ထားရှိခြင်းအတွက်ဖြစ်စေ အဖိုးစားနားနှင့်စပ်လျဉ်းသော မဟုတ်မမှန်ဖော်ပြခြင်း သို့မဟုတ် အသုံးပြုမှုအတွက်ဖြစ်စေ၊ အကျိုးကျေးဇူးအတွက်ဖြစ်စေ စာချုပ်စာတမ်းအတိုင်းဖြစ်မြောက်စေရန် အမှန်တကယ် ရည်ရွယ်ခြင်းခံရသော သူတစ်ဦးနှင့်သော်လည်းကောင်း၊ အများနှင့်သော်လည်းကောင်း စပ်လျဉ်းသော မဟုတ်မမှန်ဖော်ပြခြင်း ပါရှိသည်လည်းဖြစ်သည့် စာချုပ်စာတမ်းကို မရိုးမဖြောင့်သော သဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်ဖြစ်စေ လက်မှတ်ရေးထိုးလျှင် သို့မဟုတ် ချုပ်ဆိုလျှင် သို့မဟုတ် ထိုစာချုပ်စာတမ်း၌ အပါအဝင်ပြုလုပ်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။