ပုဒ်မ ၄၂၈
ပုဒ်မ ၄၂၈
တန်ဖိုးငွေတစ်ထောင်ကျပ် သို့မဟုတ် ယင်း၏အထက် တန်ဖိုးရှိသော တိရစ္ဆာန်ကို သတ်ဖြတ်ခြင်းဖြင့် သော်လည်းကောင်း၊ အင်္ဂါပျက်ယွင်းစေခြင်းဖြင့်သော်လည်းကောင်း အကျိုးဖျက်ဆီးမှု

မည်သူမဆို တန်ဖိုးငွေတစ်ထောင်ကျပ် သို့မဟုတ် ယင်း၏အထက် တန်ဖိုးရှိသည့် တိရစ္ဆာန် တစ်ကောင်ကို သို့မဟုတ် အများကိုသတ်ခြင်းဖြင့်သော်လည်းကောင်း၊ အဆိပ်ခတ်ခြင်းဖြင့် သော်လည်း ကောင်း၊ အင်္ဂါပျက်ယွင်းစေခြင်းဖြင့်သော်လည်းကောင်း၊ အသုံးမဝင်အောင်ပြုခြင်းဖြင့် သော်လည်း ကောင်း အကျိုးဖျက်ဆီးမှုကို ကျူးလွန်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိသည်။
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။        
  4.   ကျေအေးခွင့် မရှိ
  5. မည်သည့် တရားသူကြီးမဆို စစ်ဆေးနိုင်သည်။