ပမာဏကြီးမားသော ကြွေးမြီများ
(က) ဘဏ်သည် ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် စီးပွားရေးလုပ်ငန်း အုပ်စုတစ်ခုခု သို့မဟုတ် ဆက် နွှယ်နေသည့် မိတ်ဖက်အဖွဲ့အစည်း အုပ်စုတစ်ခုခုသို့ ချေးငွေထုတ်ချေးရာတွင် မိမိ၏အဓိက မတည် ငွေရင်း၏ ၂၀ ရာခိုင်နှုန်းထက်ပို၍ ထုတ်ချေးခြင်းမပြုရ။ ယင်းကန့်သတ်ချက်သည် နိုင်ငံတော်ပိုင်ဘဏ် များ၏ အစိုးရမူဝါဒဆိုင်ရာ ချေးငွေများနှင့် သက်ဆိုင်ခြင်း မရှိစေရ။
(ခ) ပုဒ်မခွဲ (က) ပါ ကန့်သတ်ချက်သည် ဗဟိုဘဏ်က သီးသန့်ဖော်ပြသတ်မှတ်ခြင်းမရှိပါက ဘဏ် များအကြား ဆောင်ရွက်ချက် များအတွက် အကျုံးဝင်ခြင်း မရှိစေရ။
(ဂ) ဗဟိုဘဏ်သည် ဘဏ်တစ်ခု၏ အာမခံဖြင့်ချေးသောချေးငွေ၊ အာမခံမဲ့ ချေးငွေ သို့မဟုတ် တစ်စိတ်တစ်ပိုင်းအာမခံဖြင့် ချေးငွေတို့အတွက် ထပ်တိုးကန့်သတ်ချက်များ သတ်မှတ်နိုင်သည်။
(ဃ) ဘဏ်သည် မိမိ၏ ပမာဏကြီးမားသော ကြွေးမြီတစ်ခုစီ၏ အချက်အလက်များကို ဗဟိုဘဏ်သို့ သတ်မှတ်ချက်များနှင့် အညီ ပေးပို့တင်ပြရမည်။
(င) ဗဟိုဘဏ်သည် ဆက်နွှယ်နေသည့် မိတ်ဖက်အဖွဲ့အစည်းအုပ်စု ၊ စုစုပေါင်းကြွေးမြီပမာဏ၊ ထပ်တိုးကန့်သတ်ချက်နှင့် အခြားလိုအပ်ချက်များကို လိုအပ်သလို သတ်မှတ်ဖော်ပြနိုင်သည်။
(စ) ဤပုဒ်မပါအလို့ငှာ ကြွေးမြီ ဆိုသည်မှာ ဘဏ်က ပုဂ္ဂိုလ်တစ်ဦးဦးသို့ဖြစ်စေ ၊ ပုဂ္ဂိုလ်တစ်ဦးဦး၏ ကိုယ်စားလှယ်သို့ ဖြစ်စေ ချေးငွေအမျိုးမျိုးထုတ်ချေးခြင်း လုပ်ငန်းကိုဆိုသည်။ ယင်းစကားရပ်တွင် ချေးငွေ၊ ကြိုတင်ထုတ်ပေးငွေ၊ စာရင်းပိုထုတ်ငွေ၊ ငှားရမ်းမှုအတွက်ချေးငွေ၊ ချေးငွေဆိုင်ရာ စာရွက် စာတမ်းများ လက်ခံခြင်း၊ အာမခံချက်ပေးခြင်း၊ ဘဏ်ငွေလွှဲစာတမ်း၊ ဘဏ်အာမခံစာချုပ်၊ နိုင်ငံခြား သုံးငွေဆိုင်ရာ သဘောတူစာချုပ်နှင့် ဘဏ်၏ လက်ကျန်ရှင်းတမ်းတွင် မပါဝင်သော ချေးငွေတစ်ခုခု အပါအဝင် ဆက်သွယ်ဆောင်ရွက်သူက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဘဏ်တစ်ခုသို့ ငွေရေး ကြေးရေး ပေးရန်တာဝန်များလည်း ပါဝင်သည်။