ငါးဦးဖြစ်စေ၊ ငါးဦးထက် ပိုသူတို့ကဖြစ်စေ လုယက်မှုကို ပူးပေါင်းကျူးလွန်လျှင် သို့မဟုတ် ထိုသို့ ကျူးလွန်ရန် အားထုတ်လျှင် သို့မဟုတ် လုယက်မှုကို ပူးပေါင်းကျူးလွန်သူတို့နှင့်တကွ သို့မဟုတ် ထိုသို့ ကျူးလွန်ရန် အားထုတ်သူတို့နှင့်တကွ လုယက်မှု ကျူးလွန်ခြင်းကိုဖြစ်စေ၊ ထိုသို့ကျူးလွန်ရန် အားထုတ်ခြင်း ကိုဖြစ်စေ ကိုယ်တိုင် ရှိလျက် ကူညီကြသောသူတို့ အားလုံးပေါင်း ဦးရေသည် ငါးဦး သို့မဟုတ် ငါးဦးထက် ပိုလျှင် ထိုလုယက်မှုကျူးလွန်သူဖြစ်စေ၊ ထိုသို့ ကျူးလွန်ရန် အားထုတ်သူဖြစ်စေ၊ ထိုသို့ကျူးလွန်ခြင်းကို သို့မဟုတ် ကျူးလွန်ရန် အားထုတ်ခြင်းကို ကူညီသူဖြစ်စေ အသီးသီးသည် “ဓားပြမှု”ကို ကျူးလွန်သည် မည်၏။