ပုဒ်မ ၈၂
ပုဒ်မ ၈၂
အထွေထွေ

ဝန်ကြီးဌာနသည် အများပြည်သူအကျိုးငှာ ဤဥပဒေအရ လိုအပ်သော ခွင့်ပြုချက်၊ လိုင်စင်နှင့် ထောက်ခံချက်တို့ကို ရယူခြင်းမှလည်းကောင်း၊ လိုအပ်ပါက အခကြေးငွေများကို ပေးဆောင်ရခြင်းမှ လည်းကောင်း အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား ပြည်ထောင်စုအစိုးရ အဖွဲ့၏ခွင့်ပြုချက်ဖြင့် ကင်းလွတ်ခွင့် ပြုနိုင်သည်။ သို့ရာတွင် နိုင်ငံတော်အရေးပေါ်အခြေအနေနှင့် ဆက် နွှယ်သည့်ကိစ္စရပ်များ၊ နိုင်ငံ​တော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာကိစ္စရပ်များအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရန်မလိုဘဲဆောင် ရွက်နိုင်သည်။ ဆောင်ရွက်ချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပြန်လည်တင်ပြရမည်။