ပုဒ်မ ၂၉၄
ပုဒ်မ ၂၉၄
ညစ်ညမ်းသော ပြုလုပ်မှုများနှင့် ညစ်ညမ်းသောသီချင်းများ

မည်သူမဆို အခြားသူများ စိတ်ငြိုငြင်အောင် −

(က) အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင် ညစ်ညမ်းသောပြုလုပ်မှု တစ်ခုခုကိုပြုလျှင်၊ သို့မဟုတ်

(ခ) အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင်ဖြစ်စေ၊ အနီးအနားတွင်ဖြစ်စေ၊ ညစ်ညမ်းသောသီချင်း၊ ကဗျာလင်္ကာ၊ စကားတစ်မျိုးမျိုးကို သီဆိုခြင်း၊ ရွတ်ဆိုခြင်း၊ ပြောဆိုခြင်း တစ်ခုခုပြုလျှင် ထိုသူကို သုံးလထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. မည်သည့်တရားသူကြီးမဆို  စစ်ဆေးနိုင်သည်။