(က) စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကို နယ်စပ်ဖြတ်ကျော် ဆောင်ရွက်ရာတွင် ဘဏ်၏ ရရန်ပိုင် ခွင့်စုစုပေါင်းကို ပြည်တွင်းနေထိုင်သူနှင့် ပြည်တွင်းနေထိုင်သူ မဟုတ်သူ မြီရှင်များ တန်းတူအခွင့်အရေး ရရှိအောင် ဆောင်ရွက်ရန်အလို့ငှာ-
(၁) စာရင်းရှင်းလင်းဖျက်သိမ်းသည့် ဘဏ်သည် နိုင်ငံခြားတိုင်းပြည်တွင် လုပ်ငန်းခွဲရှိလျှင် ထိုနိုင်ငံရှိ အာဏာပိုင်များနှင့် ပူးပေါင်းလုပ်ဆောင်ရမည်။
(၂) စာရင်းရှင်းလင်းဖျက်သိမ်းသည့် ဘဏ်၏ မြီရှင်တစ်ဦးသည် နိုင်ငံခြားတိုင်းပြည်တွင် ထိုသူ၏ တောင်းခံလွှာအပေါ် တစ်စိတ်တစ်ပိုင်းပေးချေမှု ရရှိထားလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း အစီအစဉ်လုပ်ဆောင်ရာတွင် ကျသင့် သော ကုန်ကျစရိတ်များနှင့်အတူ ပေးချေမှုအတွက် ထိုသူ တောင်းခံလွှာ၏ လက်ကျန်ရှင်းတမ်းကို တင်ပြရမည်။
(၃) မြန်မာနိုင်ငံရှိ နိုင်ငံခြားဘဏ်ခွဲနှင့် ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်မှ ဆောင်ရွက်သော စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ဆောင်ရွက်မှုတွင် နိုင်ငံခြားဘဏ် ခွဲသည် နိုင်ငံခြားတွင် ကြွေးမြီများ မည်သည့်အတိုင်းအတာအထိ အပြည့်အဝပေးဆပ်နိုင်ခြင်းရှိသည် ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် မှ ဆုံးဖြတ်နိုင်သည်။
(၄) နိုင်ငံခြားဘဏ်ခွဲသည် ၎င်း၏လုပ်ငန်း အဓိကဆောင်ရွက်သောနိုင်ငံတွင် စာရင်းရှင်းလင်းဖျက် သိမ်းလျှင် နိုင်ငံခြားဘဏ်ခွဲ အနေဖြင့် မြန်မာနိုင်ငံတွင် အပ်နှံသူများနှင့် ထိုနိုင်ငံခြားဘဏ်ခွဲ၏ မြီရှင်များ အကျိုးစီးပွားအတွက် အကြံဉာဏ်များ ပေးနိုင်ပြီး မြန်မာနိုင်ငံရှိ နိုင်ငံခြားဘဏ်ခွဲ၏ အဆိုပါရရန်ပိုင် ခွင့်များကို ထိုနိုင်ငံရှိ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ နိုင်ငံခြားဘဏ်ခွဲ၏ တောင်းဆိုချက် ဖြင့်လွှဲပြောင်းရန် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်မှ အခွင့်အာဏာ ပေးနိုင်သည်။
(ခ) နိုင်ငံခြားဘဏ်ခွဲ၏ ပြည်တွင်းနေထိုင်သူ မဟုတ်သူ မြီရှင်များ၏ တောင်းခံလွှာများ၊ ပေးရန် တာဝန်များကို ခုနှိမ်ခြင်း သို့မဟုတ် အသားတင်ခြားနားခြင်း ဆောင်ရွက်နိုင်ခွင့် မရှိသကဲ့သို့ နိုင်ငံခြား ဘဏ်ခွဲကို စာရင်းရှင်းလင်းဖျက်သိမ်းခြင်းတွင် လည်း ပါဝင်ခွင့်မပြုရ။
(ဂ) မြန်မာနိုင်ငံရှိ နိုင်ငံခြားဘဏ်ခွဲအပေါ် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ဆောင်ရွက်ရာတွင် ၎င်း ဘဏ် ခွဲကို ပိုင်ဆိုင်သည့် နိုင်ငံခြားဘဏ်ခွဲ၏ မြီရှင်များ၏ တောင်းခံလွှာများအတွက် ပြည်ပရရန် ပိုင်ခွင့်များ ရယူခြင်း၌ မြီရှင်များ၏ အခွင့်အရေးများကို ကန့်သတ်ခြင်းမရှိစေရ။