ရရန်ပိုင်ခွင့်၊ ပေးရန်တာဝန်နှင့် လျာထားချက်များ သတ်မှတ်ခြင်း
ဗဟိုဘဏ်သည် အောက်ပါတို့ကို သတ်မှတ်နိုင်သည်-
(က) ဘဏ်၏ကွဲပြားခြားနားသော အတန်းအစားအလိုက် သို့မဟုတ် အမျိုးအစားအလိုက် အနည်းဆုံး ထားရှိရမည့် ရရန်ပိုင်ခွင့် ပမာဏအမျိုးမျိုး၊
(ခ) ဘဏ်၏ကွဲပြားခြားနားသော အတန်းအစား သို့မဟုတ် အမျိုးအစားများအလိုက် ရရန်ပိုင်ခွင့်များ နှင့်ပေးရန်တာဝန်များ၊
(ဂ) ဘဏ်၏ကွဲပြားခြားနားသော အတန်းအစား နှင့် အမျိုးအစားများအလိုက် ဤဥပဒေ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ထားရှိရမည့် လျာထားချက်များ။