။ ဒီဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူသည် အောက်ပါတို့ကို လိုက်နာ ဆောင်ရွက်ရမည် -
(က) ဆောင်ရွက်မည့်လုပ်ငန်း သို့မဟုတ် ကဏ္ဍအလိုက် သက်ဆိုင်ရာဥပဒေနှင့်အညီ လိုအပ်သော ခွင့်ပြုမိန့် သို့မဟုတ် အထောက်အထားရယူခြင်း၊
(ခ) ဝန်ဆောင်မှုကိုရယူအသုံးပြုသူ၏ အချက်အလက်အဆင့်အတန်းအပေါ် မူတည်၍ အချက်အလက် များသိမ်းဆည်းထားသော ပစ္စည်းကို သတ်မှတ်ချက်နှင့်အညီ ထားရှိခြင်း၊
(ဂ) ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းမှတစ်ဆင့် ဆက်စပ်စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ် သို့မဟုတ် အကျိုးအမြတ်ရယူ ဆောင်ရွက်သည့် လုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်လိုပါက သက်ဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း၊
(ဃ) မှတ်ပုံတင်လက်မှတ်ပါ စည်းကမ်းချက်များကို လိုက်နာခြင်း။