ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည်-
(က) ကလေးသူငယ်များ ကျန်းမာရေးဆိုင်ရာ အခွင့်အရေး ထိရောက်စွာခံစားခွင့်ရရှိစေရန် လိုအပ်သော နိုင်ငံတော်၏ အထောက်အပံ့နှင့် အရင်းအမြစ်များ ခွဲဝေချထားပေးရေးအတွက် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြဆောင်ရွက်ရမည်။
(ခ) မွေးကင်းစကလေးများအပါအဝင် ကလေးသူငယ်တိုင်း ကျန်းမာဖွံ့ဖြိုးရေးအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများအား စီမံချက်များ ချမှတ်ဆောင်ရွက်ရမည်။
(ဂ) ကလေးသူငယ်၏ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်သော အစားအသောက်၊ အသုံးအဆောင် နှင့် ဆေးဝါးများအပါအဝင် ရပ်ရွာလူမှုအလေ့အထများကို ဆန်းစစ်၍ သင့်လျော်သော အစီအမံများ ချမှတ် ဆောင်ရွက်ရမည်။