ပုဒ်မ ၂၈၈
ပုဒ်မ ၂၈၈
အဆောက်အအုံများကို ဖြိုဖျက်ခြင်း သို့မဟုတ် ပြုပြင်ခြင်းနှင့်စပ်လျဉ်း၍ ပေါ့လျော့ခြင်း

မည်သူမဆို အဆောက်အအုံတစ်ခုကို ဖြိုဖျက်ရာတွင် သို့မဟုတ် ပြုပြင်ရာတွင် ထိုအဆောက်အအုံ တစ်ခုလုံးဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ ပြိုကျခြင်းကြောင့် လူ့အသက်ကို အန္တရာယ်ဖြစ်ဖွယ်ရှိခြင်းမှ ကာကွယ်ရန် လုံလောက်အောင် ထိုအဆောက်အအုံကို နေရာတကျမဖြိုဖျက်ဘဲ သို့မဟုတ် မပြုပြင်ဘဲ သိလျက်နှင့်ဖြစ်စေ၊ ပေါ့လျော့စွာဖြစ်စေ ပျက်ကွက်လျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ၊ ကျပ်တစ်သိန်းထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွမရှိ 
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ.
  5. မည်သည့်  တရားသူကြီးမဆို စစ်ဆေးနိုင်သည်။