အောက်ပါအဖွဲ့အစည်းများမှအပ မည်သူမျှ လိုင်စင် သို့မဟုတ် ဗဟိုဘဏ်က စာဖြင့်ကြိုတင် ခွင့်ပြုချက်မရရှိဘဲ မိမိလုပ်ငန်းအမည်တွင် ဘဏ်၊ ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ဖွံ့ဖြိုးရေးဘဏ်၊ ဘဏ် လုပ်ငန်းရှင် သို့မဟုတ် ဘဏ်လုပ်ငန်း ဆိုသည့် စာသားများကို အသုံးမပြုရ-
(က) ဘဏ်၏အသင်းအဖွဲ့တစ်ရပ်ရပ်၊
(ခ) ဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်အရဖြစ်စေ ယင်းအသုံးအနှုန်း အခြေကျ နေသော အသင်းအဖွဲ့၊
(ဂ) နိုင်ငံခြားဘဏ်၏ ကိုယ်စားလှယ် သို့မဟုတ် ရုံး၊
(ဃ) ဘဏ်လုပ်ငန်းလုပ်ကိုင်သော အစိုးရကိုယ်စားလုပ်ကိုင်သည့် အဖွဲ့အစည်း၊
(င) ဗဟိုဘဏ်က အများပြည်သူသိရှိနိုင်ရန် အမိန့်ကြော်ငြာစာထုတ်ပြန်ကြေညာ၍ ကင်းလွတ်ခွင့်ပေး သော ပုဂ္ဂိုလ်တစ်ဦးဦး။