ဘဏ်၏ လက်အောက်ခံကုမ္ပဏီများသည် ဘဏ်တစ်ခုအား စစ်ဆေးသည့် နည်းလမ်းနှင့်အညီ ဗဟို ဘဏ်၏ ကြီးကြပ် စစ်ဆေးခြင်းကို ခံယူရမည်။ ဗဟိုဘဏ်သို့ အစီရင်ခံရမည့် ကိစ္စနှင့်စပ်လျဉ်း၍ ဗဟို ဘဏ်က အဆိုပါဘဏ်နှင့် ယင်း၏ လက်အောက်ခံကုမ္ပဏီအသီးသီး၏ သတင်းအချက်အလက် တစ်ရပ် ရပ်ကို သီးခြားဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ တင်ပြရန် တောင်းဆို နိုင်သည်။