ပုဒ်မ ၁၀၉
ပုဒ်မ ၁၀၉
အပြီးအပိုင် အပ်နှင်းသည့် အမိန့်၏ အကျိုးသက်ရောက်ခြင်း

 (က) ပုဒ်မ ၁၀၇ အရ ထုတ်ပြန်သော အပြီးအပိုင်အပ်နှင်းရရှိသည့် အမိန့်တွင် သက်ဆိုင်ရာ နေ့ရက်မှ စတင်အကျိုး သက်ရောက်ရာတွင်-

(၁) အပြီးအပိုင် အပ်နှင်းရရှိသည့် ရရန်ပိုင်ခွင့်သို့ ပြောင်းလဲပေးသော အခွင့်အရေးအားလုံးနှင့် အပြီး အပိုင်အပ်နှင်းရရှိသည့် ရရန်ပိုင်ခွင့်များ ရယူရာတွင် အပြီးအပိုင်အပ်နှင်းရရှိသည့် ရရန်ပိုင်ခွင့် ရရှိခြင်း သည် ပြီးမြောက်ခြင်းမရှိစေကာမူ လွှဲပြောင်းလက်ခံသော အဖွဲ့အစည်းက ရရှိပြီးဖြစ်သည်ဟု မှတ်ယူရ မည်။

(၂) အပြီးအပိုင် အပ်နှင်းရရှိသည့် ရရန်ပိုင်ခွင့်များ သို့မဟုတ် ပေးရန်တာဝန်များကို သက်ဆိုင်ရာ တရား ဝင်မှတ်ပုံတင်စာအုပ် အသီးသီးတွင် ရေးသွင်းချက်များအားလုံးကို လွှဲပြောင်းလက်ခံရရှိသော အဖွဲ့အစည်း၏ အမည်သို့ပြောင်း၍ အစားထိုးပြီး ဖြစ်စေရမည်။ သို့သော် ထိုသို့အမည်ပြောင်းခြင်း မရှိစေ ကာမူ အပြီးအပိုင် အပ်နှင်းရရှိသည့် အမိန့်အရ ရရန်ပိုင်ခွင့်များ သို့မဟုတ် ပေးရန်တာဝန်များကို လွှဲ ပြောင်းလက်ခံရရှိသော အဖွဲ့အစည်းသို့ အကျိုးသက်ရောက်ပြီး ခံစားပိုင်ခွင့်များ ရရှိစေရမည်။

(၃) ဗဟိုဘဏ်က ဤဥပဒေအရ သို့မဟုတ် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေနှင့် အထူးကုမ္ပဏီ အက် ဥပဒေတို့အရ ထုတ်ပြန်သော အမိန့်ပါ စည်းကမ်းချက်များကို လွှဲပြောင်းလက်ခံရရှိသော အဖွဲ့အစည်းက လိုက်နာရမည်။ ထိုအဖွဲ့အစည်းသည် ထိုသို့လိုက်နာမည့်အကြောင်း စာဖြင့် သဘော တူညီချက်ပေးရမည်။
 

(၄) လွှဲပြောင်းလက်ခံသော အဖွဲ့အစည်းအား ထုတ်ပေးထားသော လိုင်စင်ကို ရရန်ပိုင်ခွင့် အပြီးအပိုင် အပ်နှင်းသည့် အမိန့်နှင့်အညီ ထိုအဖွဲ့အစည်းကို အပ်နှင်းသည့်ခံစားခွင့်များ အကျိုးသက်ရောက်မှု ရှိစေ ရန် လိုအပ်သလို ပြုပြင်ရမည်။

(၅) လွှဲပြောင်းပေးသော အဖွဲ့အစည်းက ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်အားလုံးကို လွှဲပြောင်းလက်ခံရရှိ သော အဖွဲ့အစည်းသို့ လွှဲပြောင်းအပ်နှင်းပြီးလျှင် ဗဟိုဘဏ်သည် လွှဲပြောင်းပေးသော အဖွဲ့အစည်း၏ လိုင်စင်ကို ပယ်ဖျက်ရမည်။

(ခ) ပုဒ်မ ၁၀၇ အရ ထုတ်ဆင့်သော ရရန်ပိုင်ခွင့်အပ်နှင်းသည့် အမိန့်တွင် ဗဟိုဘဏ်က အခြားနည်းဖြင့် သီးခြားဖော်ပြထားခြင်း မရှိလျှင် သက်ဆိုင်ရာနေ့ရက်မှစ၍ အောက်ပါတို့ အကျိုးသက်ရောက်စေရမည်-

(၁) လွှဲပြောင်းလက်ခံသည့် အဖွဲ့အစည်းသို့ အပ်နှင်းလွှဲအပ်သည့် ရရန်ပိုင်ခွင့်များ၊ ပေးရန်တာဝန်များ နှင့်စပ်လျဉ်း၍ ပဋိညာဉ်များ၊ စာချုပ်များ၊ အာမခံစာချုပ်များ၊ သဘောတူညီချက်များ၊ ကိုယ်စားလှယ်လွှဲ စာများ၊ တရားဝင်ကိုယ်စားလှယ် လွှဲအပ်ခွင့်များနှင့် အခြားစာချုပ်စာတမ်းများသည် လွှဲပြောင်း ပေးသော အဖွဲ့အစည်းသို့ သဘောတူခွင့်ပြုသောနေ့ရက်မှစ၍ လွှဲပြောင်းအပ်နှံပြီးဖြစ်သည်ဟု မှတ်ယူရ မည်။

(၂) လွှဲပြောင်းလက်ခံရရှိသော အဖွဲ့အစည်းသို့ အပ်နှင်း၍ ရရှိသော ရရန်ပိုင်ခွင့်များ သို့မဟုတ် ပေးရန် တာဝန်များနှင့် စပ်လျဉ်း၍ ထိုသို့ အပ်နှံခြင်းမပြုမီက ရှိခဲ့သော အရေးယူဆောင်ရွက်ချက်များနှင့် စွဲဆို ချက်များမှာ လွှဲပြောင်းလက်ခံရရှိသော အဖွဲ့အစည်းကစွဲဆိုသော သို့မဟုတ် ၎င်းအဖွဲ့အစည်းအပေါ် စွဲဆိုသော အရေးယူမှုများ နှင့် စွဲဆိုချက်များဖြစ်သည်ဟု မှတ်ယူ၍ အကျိုးသက်ရောက်မှုရှိစေရမည်။

(ဂ) ဤပုဒ်မ အလို့ငှာ-

(၁) သက်ဆိုင်ရာနေ့ ဆိုသည်မှာ အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ကြေညာသော ပိုင်ဆိုင်ခွင့် အပြီး အပိုင်အပ်နှင်းသည့်အမိန့် ထုတ်ပြန်သည့်နေ့ကို ဆိုသည်။

(၂) တရားဝင်မှတ်ပုံတင်ခြင်းများဆိုသည်မှာ နိုင်ငံတော်၏ ဥပဒေအရ တည်ထောင်သည့် မှတ်ပုံတင်ဌာနတွင် လူပုဂ္ဂိုလ်နှင့် နိုင်ငံတော်တွင် ဥပဒေအရ ဖွဲ့စည်းသည့် အဖွဲ့အစည်းများ၏ ရွှေ့ပြောင်းနိုင်သော သို့မဟုတ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းအတွက် ရပိုင်ခွင့်မှတ်တမ်းများအရ အကျိုးခံစားမှုများ၊ ပိုင်ဆိုင်မှုများ၊ လွှဲပြောင်းခြင်းများ မှတ်ပုံတင်ခြင်းကို ဆိုသည်။