ပုဒ်မ ၄၂၀
ပုဒ်မ ၄၂၀
ပစ္စည်းကို ပေးအပ်စေရန် လိမ်လည်၍ မရိုးမဖြောင့်သောသဘောဖြင့် သွေးဆောင်ခြင်း

မည်သူမဆို လှည့်ဖြားခြင်းခံရသောသူအား တစ်ခုခုသောပစ္စည်းကို သူတစ်ဦးသို့ ပေးအပ်စေရန် သော်လည်းကောင်း၊ အဖိုးတန်စာတမ်းအမှတ်အသားအားလုံးကို သို့မဟုတ် တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ လက်မှတ်ရေးထိုးခြင်းသော်လည်းကောင်း၊ တံဆိပ်ခတ်နှိပ်ခြင်းသော်လည်း ကောင်း ရှိသည်လည်းဖြစ်၍ အဖိုးတန်စာတမ်းအမှတ်အသားအဖြစ်သို့ ပြောင်းလဲနိုင်သည်လည်းဖြစ်သော အရာအားလုံးကို သို့မဟုတ် တစ်စိတ် တစ်ဒေသကိုဖြစ်စေပြုစေရန် သို့မဟုတ် ပြင်ဆင်စေရန် သို့မဟုတ် ဖျက်ဆီးစေရန် သော်လည်း ကောင်း ထိုလှည့်ဖြားခြင်းခံရသူအား လိမ်လည်၍ မရိုးမဖြောင့်သောသဘောဖြင့် သွေးဆောင်လျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3. အာမခံ ပေးရမည်။
  4.  ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။