ပုဒ်မ ၁၇
ပုဒ်မ ၁၇
သင်တန်းကျောင်း၊ ပရဟိတဂေဟာနှင့် ယာယီစောင့်ရှောက်ရေးဂေဟာများ တည်ထောင်ဖွင့်လှစ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း

လူမှုဝန်ထမ်းဦးစီးဌာနသည် သတ်မှတ်ထားသော စည်းကမ်းချက်တစ်ရပ်ရပ်ကို တည်ထောင်ခွင့်ပြုမိန့် ရရှိသူက ဖောက်ဖျက်ကြောင်းတွေ့ရှိရလျှင် အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာအမိန့် သို့မဟုတ် ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) သတိပေးပြီး သတ်မှတ်ထားသော ဒဏ်ကြေးကို ပေးဆောင်စေခြင်း၊

(ခ) တည်ထောင်ခွင့်ပြုမိန့်ကို ကာလသတ်မှတ်၍ ယာယီရပ်ဆိုင်းခြင်း၊

(ဂ) တည်ထောင်ခွင့်ပြုမိန့်ကို ပယ်ဖျက်ခြင်း။