ထိန်းချုပ်ဖော်ထုတ်ခြင်း (Controlled Delivery) ဆိုသည်မှာ နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ ပြည်ပနိုင်ငံ တစ်ခုခု သို့မဟုတ် တစ်ခုထက်ပိုသော နိုင်ငံအတွင်း၌ဖြစ်စေ၊ နိုင်ငံတော်နှင့် ပြည်ပနိုင်ငံတစ်ခုခုကို ဖြတ်သန်း၍ဖြစ်စေ ဝင်ရောက်ခြင်း၊ ဖြတ်သန်းခြင်း သို့မဟုတ် ထွက်ခွာခြင်းပြုစဉ် သက်သေခံပစ္စည်းများကို တင်သွင်းခြင်း၊ တင်ပို့ခြင်း သို့မဟုတ် သယ်ယူပို့ဆောင်ခြင်းပြုကြောင်း စစ်ဆေးတွေ့ရှိသည့်အခါဖြစ်စေ၊ သံသယဖြစ်ဖွယ် တွေ့ရှိသည့်အခါဖြစ်စေ၊ ခိုင်လုံသောသတင်းရရှိသည့်အခါဖြစ်စေ အဓိကပြစ်မှုကျူးလွန်သူ ကိုဖော်ထုတ်အရေးယူရန် ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၏ကြီးကြပ်မှုအောက်တွင် ထိန်းချုပ်စောင့်ကြည့် ဖော်ထုတ်သည့် နည်းလမ်းကိုဆိုသည်။