ဥပဒေပြဋ္ဌာန်းချက်တရပ်ရပ်၏ အနက်အဓိပ္ပါယ်ကို ဖွင့်ဆိုရာ၌ ယင်းဥပဒေကိုမပြဋ္ဌာန်းမီက ဥပဒေ ရေးဆွဲရေးကော်မီရှင်၊ သို့မဟုတ်ဥပဒေပြု အာဏာပိုင်အဖွဲ့အစည်းတွင် ဆွေးနွေးခဲ့သည့်အချက် မှတ်တမ်း များကိုလည်းကောင်း၊ ရေးဆွဲခဲ့သော ဥပဒေမူကြမ်းများကိုလည်းကောင်း၊ ဥပဒေပြုရခြင်း၏ ကျိုးကြောင်း ဖော်ပြချက်ကိုလည်းကောင်း ထည့်သွင်းစဉ်းစားနိုင်သည်။