ဗဟိုဘဏ်သည် ဤဥပဒေပါ မိမိ၏လုပ်ငန်းတာဝန်တစ်ရပ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-
(က) မိမိ၏ဝန်ထမ်းတစ်ဦးဦးကို သတ်မှတ်ချက်များနှင့်အညီ လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
(ခ) မိမိ၏ ဝန်ထမ်းမဟုတ်သူ တစ်ဦးဦးကို ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်တစ်ရပ်ရပ်ကို ဆောင်ရွက်ရန် ဖြစ်စေ၊ လုပ်ပိုင်ခွင့် တစ်ခုခုကို ကျင့်သုံးရန်ဖြစ်စေ၊ တာဝန်တစ်ရပ်ရပ်ကို ထမ်းဆောင်ရန်ဖြစ်စေ ဗဟို ဘဏ်ဒါရိုက်တာအဖွဲ့က သတ်မှတ်ချက်ဖြင့် ခန့်အပ်နိုင်သည်။