ပညာရေးဝန်ကြီးဌာနသည် ဝန်ကြီးဌာနနှင့် ညှိနှိုင်း၍-
(က) အခြေခံပညာအဆင့်မှ တက္ကသိုလ်ပညာအဆင့်အထိ မသန်စွမ်းကလေးသူငယ်များ ပညာ သင်ယူရာတွင် လိုအပ်သော သင်ရိုးညွှန်း တမ်းများ၊ နေရာထိုင်ခင်းများ၊ သွားလာဆက်သွယ်မှုဆိုင်ရာ အထောက်အပံ့များနှင့် သင်ထောက်ကူပစ္စည်းများရရှိရေးအတွက် အစီအစဉ်များ ချမှတ်ပေးရမည်။
(ခ) လူတိုင်းအကျုံးဝင် ပညာရေးစနစ် သို့မဟုတ် အထူးပညာရေးစနစ်နှင့် ပညာရေးကောလိပ်များ၊ ပညာရေးတက္ကသိုလ်များတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများ ထည့်သွင်းသင်ကြားရန်လည်း ကောင်း၊ မသန်စွမ်းမှု အမျိုးအစားအလိုက် သင်ကြားနည်းစနစ်များနှင့် တစ်ဦးကို တစ်ဦးဆက်သွယ်ခြင်း နည်းစနစ်များ သင်ယူနိုင်ရန်လည်းကောင်း ဆောင်ရွက်ရမည်။