သက်ဆိုင်ရာတရားရုံးသည်-
(က) ပုဒ်မ ၄၂၊ ပုဒ်မခွဲ (ခ) အရ ကလေးသူငယ် စရိတ်ထောက်ပံ့ရန် လျှောက်ထားမှုတွင် လျှောက်ထားခံရသော ဖခင်ကစရိတ်ထောက်ပံ့ရန် လုံလောက်သောအကြောင်းမရှိဘဲ ပျက်ကွက်ကြောင်း တွေ့ရှိပါက ကလေးသူငယ်တစ်ဦးလျှင် လစဉ်ကျပ် ၅၀၀၀၀ ထက် မပိုသော စရိတ်ပေးစေရန် အမိန့်ချမှတ်နိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ ချမှတ်သည့်စရိတ်ကို လျှောက်ထားခံရသူက ပေးဆောင်ရန် ပျက်ကွက်လျှင် ရာဇဝတ်ကျင့်ထုံးဥပဒေနှင့်အညီ ဒဏ်ငွေမဆောင်ပျက်ကွက်သကဲ့သို့မှတ်ယူ၍ ဒဏ်ငွေအရကောက်ခံခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကောက်ခံပြီးရရှိသည့်ငွေကို ချမှတ်ထားသည့်စရိတ်အတွက် လျှောက်ထားသူအား ပေးရမည်။