ညွှန်ကြားရေးမှူးချုပ်သည် -
(က) မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များအနက် စီးပွားရေးအလို့ငှာ မွေးမြူခြင်းပြုနိုင်သော တောရိုင်းတိရစ္ဆာန်နှင့် မျိုးပွားစိုက်ပျိုးခြင်းပြုနိုင်သော သဘာဝအပင်အမျိုးအမည်များကို ထုတ်ပြန်ကြေညာနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ ထုတ်ပြန်ကြေညာထားသည့် မွေးမြူခြင်းပြုနိုင်သော တောရိုင်းတိရစ္ဆာန် နှင့် မျိုးပွားစိုက်ပျိုးခြင်းပြုနိုင်သော သဘာဝအပင်များကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ဖမ်းဆီး ခွင့်၊ စုဆောင်းခွင့်၊ မွေးမြူခွင့်၊ စိုက်ပျိုးခွင့် သို့မဟုတ် တစ်နည်းနည်းဖြင့် လွှဲပြောင်းခွင့်ပြုနိုင် သည်။
(ဂ) သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်နှင့် ရာသီအလိုက်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များကို ဝါသနာအရလည်းကောင်း၊ ရိုးရာဓလေ့ထုံးစံအရလည်းကောင်း မွေးမြူခြင်းကို စည်းကမ်းချက်များသတ်မှတ်၍ ခွင့်ပြုနိုင်သည်။
(ဃ) သဘာဝထိန်းသိမ်းရေးနယ်မြေနှင့် ကပ်လျက်ရှိသည့် ပတ်ဝန်းကျင်ဒေသအတွင်း လိုအပ် လျှင် တိရစ္ဆာန်မွေးမြူသူနှင့် အပင်စိုက်ပျိုးသူ မည်သူ့ကိုမဆို သဘာဝထိန်းသိမ်းရေးနယ်မြေ အတွင်း ရောဂါကူးစက်ခြင်းနှင့် မျိုးရိုးဗီဇရောယှက်ခြင်းမှ ကာကွယ်နိုင်ရန် သင့်လျော်သည့် အစီအမံများချမှတ်ခြင်း သို့မဟုတ် ညွှန်ကြားခြင်း ပြုနိုင်သည်။
(င) ပြည်ပမျိုး တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်ကို စီးပွားရေးအလို့ငှာလည်းကောင်း၊ ဝါသနာအရ လည်းကောင်း မွေးမြူနိုင်ရေးနှင့် စိုက်ပျိုးနိုင်ရေးအတွက် စည်းကမ်းချက်များ သတ်မှတ်၍ တင်သွင်းခွင့်၊ မွေးမြူခွင့်၊ စိုက်ပျိုးခွင့်၊ မျိုးပွားခွင့် သို့မဟုတ် လွှဲပြောင်းခွင့်ပြုနိုင် သည်။
(စ) ပုဒ်မခွဲ (ခ) နှင့် (င) တို့အရ လုပ်ကိုင်ခွင့်ပြုသည့်ကိစ္စနှင့်စပ်လျဉ်း၍ သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ စစ်ဆေးရန် သို့မဟုတ် မှတ်ပုံတင်ရန် သစ်တောအရာရှိ သို့မဟုတ် သိပ္ပံ ပညာရပ်တာဝန်ခံပုဂ္ဂိုလ်တို့ကို တာဝန်ပေးအပ်ရမည်။
(ဆ) ပြည်တွင်းသို့ တင်သွင်းလာသည့် ပြည်ပမျိုး တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝအပင် များဖြစ်စေ၊ မျိုးရိုးဗီဇ ပြုပြင်ထားသောတိရစ္ဆာန်နှင့် အပင်များဖြစ်စေ ကူးစက်ရောဂါပိုး ကင်းရှင်းမှုမရှိခြင်း၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ရောဂါပိုးပါရှိခြင်း၊ အဆိပ်အတောက်ပါဝင် ခြင်း၊ ပြည်တွင်းမျိုးများအပေါ်သို့ မျိုးရိုးဗီဇရောယှက်စေနိုင်ခြင်းနှင့် ပြည်တွင်းမျိုးများ၏ မျိုးဆက်ပြန့်ပွားမှုကို ထိခိုက်လာစေနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်စေခြင်းနှင့် အများပြည်သူ၏ ကျန်းမာရေးအပေါ် ထိခိုက်စေခြင်းတို့ကို စစ်ဆေးတွေ့ရှိပါက ပြည်တွင်းသို့ ဆက်လက်သယ်ဆောင်ခြင်း မပြုရန် တားမြစ်ခြင်း၊ ယာယီထိန်းသိမ်းခြင်း၊ ပြန်လည်သယ်ယူသွားစေခြင်း သို့မဟုတ် ဖျက်ဆီးခြင်း ပြုနိုင်သည်။