လူမှုဝန်ထမ်းဦးစီးဌာနသည် ပုဒ်မ ၉၄၊ ပုဒ်မခွဲ (ဃ)တွင် ဖော်ပြထားသော ကလေးသူငယ်အား အုပ်ထိန်း၍ ပြုစုစောင့်ရှောက်ပေးမည့် ဆွေမျိုးသားချင်းများထံအပ်နှံရမည်။ အကယ်၍ ဆွေမျိုးသားချင်း မရှိလျှင် ဤဥပဒေနှင့်အညီ သင့်လျော်သော ပြုစုစောင့်ရှောက်သူထံသို့ဖြစ်စေ၊ အခြားနည်းဖြင့်ပြုစု စောင့်ရှောက်ခြင်း လုပ်ငန်းစဉ်ဖြင့်ဖြစ်စေ အပ်နှံစေနိုင်သည်။