ရင်းနှီးမြှုပ်နှံမှုအပေါ်ကန့်သတ်ချက်များ
(က) ဘဏ်တစ်ခုသည် အောက်ပါကုမ္ပဏီ သို့မဟုတ် လုပ်ငန်းအမျိုးအစားတစ်ခုခု၏ အစုရှယ်ယာ များကို ရယူခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်း မပြုရ-
(၁) အများနှင့်သက်ဆိုင်သော ကုမ္ပဏီမဟုတ်သည့်အပြင် ဗဟိုဘဏ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိသော ကုမ္ပဏီ သို့မဟုတ် လုပ်ငန်း။
(၂) ဗဟိုဘဏ်က လုပ်ကိုင်ခွင့်မရှိဟု ကြေညာထားသော လုပ်ငန်းအမျိုးအစားကို လုပ်ကိုင်နေသော ကုမ္ပဏီ သို့မဟုတ် လုပ်ငန်း။
(ခ) ဘဏ်တစ်ခုသည် အခြားကုမ္ပဏီတစ်ခု သို့မဟုတ် လုပ်ငန်းတစ်ခုတွင် အစုရှယ်ယာရယူခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်း ပြုလျှင် မိမိဘဏ်၏ မတည်ရင်းနှီးငွေ၏ ၁၀ ရာခိုင်နှုန်း ထက်မပိုသော ပမာဏကိုသာ ဝယ်ယူနိုင်ခွင့်ရှိသည်။