အသက်နှစ်ဆယ့်တစ်နှစ်အောက် မိန်းကလေးတစ်ဦးကို အခြားသူတစ်ဦးဦးနှင့် မတရားသဖြင့် ကာမစပ်ယှက်စေအောင် မိမိကသော်လည်း ကောင်း၊ တစ်ပါးသူကသော်လည်းကောင်း အနိုင်အထက် ပြုရန် သို့မဟုတ် ကာမသွေးဆောင် အကျင့်ဖျက်ဆီးရန် အကြံဖြင့်ဖြစ်စေ၊ ထိုသို့ အနိုင်အထက်ပြုခြင်း သို့မဟုတ် ကာမသွေးဆောင် အကျင့်ဖျက်ဆီးခြင်း ခံရမည် ဖြစ်တန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ မည်သူမဆို (* * *) ထိုမိန်းကလေးကို ပြင်ပနိုင်ငံတစ်ခုခုမှ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ သွင်းလျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။