ပုဒ်မ ၁၁၃
ပုဒ်မ ၁၁၃
ဘဏ်များအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ဘဏ်အားလုပ်ငန်းဆောင်ရွက်ခြင်းမှ ဆန္ဒအလျောက် ရပ်စဲခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းအတွက် ကြိုတင်အတည်ပြုချက်

(က) ဗဟိုဘဏ်၏ စာဖြင့်ရေးသားထားသော အတည်ပြုချက်မရှိဘဲ ဘဏ်တစ်ခု၊ လက်ရှိ စာရင်း ရှင်းလင်းဖျက်သိမ်းမည့် ဘဏ်တစ်ခုအား ဆန္ဒအလျောက်ရပ်စဲခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း အတွက်မည်သူမျှ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားခွင့် မရှိစေရ။

(ခ) အောက်ပါအချက်များအား ကျေနပ်မှုမရှိလျှင် ပုဒ်မခွဲ (က)အရ အတည်ပြုချက်အား ဗဟိုဘဏ်က ခွင့်မပြုရ-

(၁) စာရင်းရှင်းလင်း ဖျက်သိမ်းမည့် ဘဏ်က ကြွေးမြီများအားလုံးကို ပြန်လည် ပေးဆပ်နိုင်စွမ်းရှိပြီး ငွေအပ်နှံသူများနှင့် မြီရှင် များသို့ နှောင့်နှေးမှုမရှိဘဲ ပြန်လည် ပေးဆပ်နိုင်ခြင်း၊

(၂) ဘဏ်လုပ်ငန်း အစုရှယ်ယာရှင်များ၏ အစည်းအဝေးတစ်ခုတွင် မဲပေးပိုင်ခွင့်ရှိသော ရှယ်ယာ ပိုင်ရှင်များ၏ လေးပုံသုံးပုံထက် မနည်း ကိုယ်စားပြုထားသည့် သဘောတူညီချက်တစ်ခုအရ စာရင်းရှင်းလင်း ဖျက်သိမ်းမည့် ဘဏ်အား ရပ်စဲခြင်း နှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းအား အတည်ပြုပြီးဖြစ်ခြင်း။

(ဂ) အစိုးရအဖွဲ့၏ အတည်ပြုချက်မပါဘဲ ပြည်တွင်းလိုင်စင်ရ နိုင်ငံတော်ပိုင် ငွေရေးကြေးရေး အဖွဲ့ အစည်းတစ်ခုအား ရပ်စဲခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းကို နိုင်ငံခြား ငွေရေးကြေးရေးအဖွဲ့အစည်း၏ စီမံ အုပ်ချုပ်သူက စာဖြင့်ရေးသားထားသည့် တောင်းဆိုချက်မပါဘဲ နိုင်ငံတော်အတွင်း ပြည်ပငွေရေးကြေး ရေး အဖွဲ့အစည်းတစ်ခု၏ ဌာနခွဲအား စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း။