လျှို့ဝှက်ထားရန်တာဝန်အား ခြွင်းချက်ပြုခြင်း
(က) ပုဒ်မ ၈၁ ပါပြဋ္ဌာန်းချက်သည် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူဆိုင်ရာ သတင်းအချက် အလက်ကို အောက်ပါ ကိစ္စများတွင် ထုတ်ဖော်ခြင်းနှင့် မသက်ဆိုင်စေရ-
(၁) ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်တာဝန်များ ကျင့်သုံးဆောင်ရွက်ရေးအတွက် ဗဟိုဘဏ်ကို ဖြစ်စေ၊ ဗဟို ဘဏ်၏ ဒါရိုက်တာ၊ အရာရှိ သို့မဟုတ် ဝန်ထမ်းသို့ဖြစ်စေ ဤဥပဒေအရ ခန့်အပ်တာဝန်ပေးသူ တစ်ဦး ဦးသို့ဖြစ်စေ ထုတ်ဖော်ခြင်း၊
(၂) ဘဏ်ထံမှ သတင်းအချက်အလက်ရရှိရန် ဗဟိုဘဏ်က စာဖြင့် အခွင့်အာဏာအပ်နှင်းထားခြင်းခံရ သည့် ဗဟိုဘဏ်တွင် လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုပေးသူ တစ်ဦးဦးသို့ ထုတ်ဖော်ခြင်း၊
(၃) ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူကဖြစ်စေ၊ ၎င်း၏ ကိုယ်စားလှယ်က ဖြစ်စေ ထုတ်ဖော်ရန် စာဖြင့် ခွင့်ပြုချက်ပေးထားခြင်း၊
(၄) ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူက ဘဏ်လူမွဲဖြစ်ကြောင်း ကြေညာခြင်းခံရသည့် ကိစ္စ သို့မ ဟုတ် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူသည် ကုမ္ပဏီဖြစ်ပြီး နိုင်ငံတော်တွင် ဖြစ်စေ၊ ပြည်ပတွင် ဖြစ်စေ စာရင်းရှင်းလင်းဖျက်သိမ်းဆဲ သို့မဟုတ် ဖျက်သိမ်းပြီးဖြစ်ခြင်း၊
(၅) စီးပွားရေးလုပ်ငန်းဆောင်ရွက်ချက်အတွက် လိုအပ်သော သတင်းအချက်အလက်ဖြစ်ပြီး ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူ၏ ငွေချေးရန်ထိုက်တန်မှု (Credit worthiness) ကိုစိစစ်ရန်အတွက်ဖြစ်ခြင်း၊
(၆) ဘဏ်နှင့် ၎င်း၏ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူအကြား သို့မဟုတ် ၎င်းအားအာမခံသူတို့ အကြားဖြစ်စေ၊ ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူ၏ ငွေစာရင်းမှငွေကိုထုတ်ယူရန် တောင်းခံသူနှစ်ဦး ထက်ပိုသော ပုဂ္ဂိုလ်များအကြားဖြစ်စေ ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူ၏ လုပ်ငန်းဆောင်ရွက်ချက် နှင့် ပတ်သက်၍ တရားမကြောင်းအရလည်းကောင်း၊ ပြစ်မှုကြောင်းအရ လည်းကောင်း တရားစွဲဆိုမှု အတွက် လိုအပ်သော သတင်းအချက်အလက်ဖြစ်ခြင်း၊
(၇) ဥပဒေအရ တရားရုံး၏ အမိန့်နှင့်အညီ ထုတ်ဖော်ခြင်း၊
(၈) ဘဏ်အတွင်း စာရင်းစစ်ဆေးမှုပြုခြင်းနှင့်သာ သက်ဆိုင်သည့်ကိစ္စ သို့မဟုတ် ဆုံးရှုံးနိုင်ခြေ စီမံ ခန့်ခွဲမှုအတွက် ဆောင်ရွက်ရသည့် ကိစ္စအတွက် ထုတ်ဖော်ခြင်း၊
(၉) ဗဟိုဘဏ်က လိုင်စင်ထုတ်ပေးထားသည့် ချေးငွေသတင်းအချက်အလက်ဌာနသို့ ဖော်ထုတ်ခြင်း၊
(၁၀) ဘဏ်က ၎င်း၏လုပ်ငန်းတာဝန်များကို ပြင်ပအခြားအဖွဲ့အစည်းအား ဆောင်ရွက်စေသည့်အခါ ထိုပြင်ပအဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များနှင့်သာ သက်ဆိုင်သည့် ကိစ္စအတွက် ထုတ်ဖော်ခြင်း၊
(၁၁) ဘဏ်က အခြားလိုင်စင်ရ အဖွဲ့အစည်းနှင့် ပူးပေါင်းရန် သို့မဟုတ် ပူးပေါင်းရေးအတွက် အဆိုပြု ရန်ကိစ္စနှင့် စပ်လျဉ်း၍ ထုတ်ဖော်ခြင်း၊
(၁၂) ဘဏ်၏လုပ်ငန်းများ အခြားဘဏ်သို့ လွှဲပြောင်းခြင်း သို့မဟုတ် လွှဲပြောင်းရန်အဆိုပြုခြင်း အတွက်ထုတ်ဖော်ခြင်း၊
(၁၃) အခန်း (၁၄)နှင့် (၁၅)တို့အရ ဘဏ်၏ ပြန်လည်ဖွဲ့စည်းခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် ရောင်းချ ခြင်းနှင့်သာ သက်ဆိုင်သော ထုတ်ဖော်ခြင်း၊
(၁၄) ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ပါ ပြဋ္ဌာန်းချက် အရ ထုတ်ဖော်ခြင်း၊ အချက်အလက်များအသိပေးခြင်း။
(ခ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၆) သို့မဟုတ် ပုဒ်မခွဲငယ် (၇)အရ တရားမမှုခင်းတစ်ခုခုတွင် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူ၏ ငွေစာရင်းနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် သို့မဟုတ် စာတမ်း အမှတ်အသားတစ်ခုခုကို ထုတ်ဖော်ရန်ရှိသည့်အခါ အဆိုပါ တရားမမှုခင်းတွင် တရားရုံး၏အမိန့်အရ ဖြစ်စေ၊ အမှုသည်တစ်ဦး၏ တောင်းဆိုချက်အပေါ် ချမှတ်သည့် အမိန့်အရဖြစ်စေ အဆိုပါအမှုကို တံခါး ပိတ်ကြားနာပြီး ထုတ်ဖော်သည့် သတင်းအချက်အလက် သို့မဟုတ် စာတမ်းအမှတ်အသားကို အမှုသည် များနှင့် တရားရုံးအကြား လျှို့ဝှက်ထားရမည်။ ထို့ပြင်မည်သည့်အမှုသည်မျှ ထိုသတင်းပေးချက် သို့မ ဟုတ် စာတမ်းအမှတ်အသားကို အခြားသူအား ထုတ်ဖော်ခြင်းမပြုရ။
(ဂ) တရားရုံးက အခြားနည်းဖြင့် အမိန့်ချမှတ်ထားခြင်းမရှိလျှင် မည်သူမျှ ပုဒ်မခွဲ (ခ)တွင် ရည်ညွှန်း ဖော်ပြထားသည့် အဆိုပါ တရားမမှုခင်းတွင် ပါဝင်သည့်အမှုသည် တစ်ဦးဦး၏ အမည်၊ နေရပ်လိပ်စာ သို့မဟုတ် ဓာတ်ပုံကိုသော်လည်းကောင်း၊ အမှုသည်များက ထိုအမှုတွင်မည်သူတို့က မည်သို့မည်ပုံပါဝင် သည်ကိုသိနိုင်လောက်သည့် သတင်းအချက်အလက်တစ်ခုခုကို သော်လည်းကောင်း ပုံနှိပ်ဖြန့်ချိခြင်းမပြု ရ။