ပြည်ထောင်စုအစိုးရအဖွဲ့သည်-
(က) ဤဥပဒေပါ ရည်ရွယ်ချက်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-
| (၁) | ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးဌာန | ဥက္ကဋ္ဌ |
| (၂) | သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ | အဖွဲ့ဝင် |
| (၃) | ရဲချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (၄) | သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများမှ အမြဲတမ်းအတွင်းဝန် သို့မဟုတ် ညွှန်ကြားရေးမှူးချုပ်များ | အဖွဲ့ဝင် |
| (၅) | ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားများအတွက် ဆောင်ရွက် လျက်ရှိသည့် လူမှုရေးအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်များ | အဖွဲ့ဝင် |
| (၆) | ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန | အတွင်းရေးမှူး |
(ခ) ပုဒ်မခွဲ(က)အရ အမျိုးသားကော်မတီဖွဲ့စည်းရာတွင် လိုအပ်ပါက ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အတွင်း ရေးမှူးတို့ကို သတ်မှတ်ပေးနိုင်သည်။
(ဂ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသည့် အမျိုးသားကော်မတီကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။