သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသည် ဤဥပဒေနှင့် တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်း ချက်များအရ အီလက်ထရောနစ်စနစ်ဖြင့် သိမ်းဆည်းထားသော အီလက်ထရောနစ်သက်သေခံ ပစ္စည်းများကို ဖော်ထုတ်ခြင်း၊ ရယူခြင်း၊ စီမံဆောင်ရွက်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အစီရင်ခံခြင်းတို့ ဆောင်ရွက်နိုင်ရန် အမျိုးသားဒီဂျစ်တယ်ဓာတ်ခွဲခန်း သို့မဟုတ် ဒီဂျစ်တယ် ဓာတ်ခွဲခန်းတို့ကို ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် တည်ထောင်နိုင်သည်။