ပုဒ်မ ၈
ပုဒ်မ ၈
အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်များ

တဦးတယောက်သောသူ၏ အသက်ကိုတွက်ချက်ရာတွင် ယင်းကိုမည်သည့်အချိန်၌ပင် မွေးသည် ဖြစ်စေ၊ မွေးနေ့ကို တနေ့ဟုသတ်မှတ်ကာ ထည့်သွင်းရေတွက်ရမည်။ မွေးနေ့၏ တနှစ်ပတ်လည်သောနေ့သို့ ကူးဝင်သည်နှင့်တပြိုင်နက် အသက်တနှစ်ပြည့်သည်ဟု သတ်မှတ်ရမည်။