ပုဒ်မ ၄၈၉ - ခ
ပုဒ်မ ၄၈၉ - ခ
ငွေစက္ကူအတုကိုဖြစ်စေ၊ ဘဏ်ငွေလက်မှတ်အတုကိုဖြစ်စေ၊ အစစ်အမှန်အနေဖြင့် သုံးစွဲခြင်း

မည်သူမဆို ငွေစက္ကူအတုကိုသော်လည်းကောင်း၊ ဘဏ်ငွေလက်မှတ်အတုကိုသော်လည်း ကောင်း လိမ်လည်အတုပြုထားကြောင်း သိလျက်ဖြစ်စေ၊ ထိုသို့ ပြုထား ကြောင်း ယုံကြည်ရန် အကြောင်း ရှိလျက်ဖြစ်စေ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လက်ခံခြင်း၊ အခြားနည်းကုန်သွယ်ခြင်း၊ အစစ်အမှန်အနေဖြင့် သုံးစွဲခြင်း တစ်ခုခုကိုပြုလျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3.  အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ 
  5. စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။