(က) အုပ်ချုပ်သူအဖြစ် ခန့်ထားခြင်းကို အောက်ပါတို့အနက် စောရာကာလ၌ ရပ်စဲစေရမည်-
(၁) အုပ်ချုပ်သူအား ခန့်အပ်မှုတွင် ဖော်ပြထားသည့် အချိန်ကာလ သို့မဟုတ် ထပ်တိုး အချိန်ကာလ ကုန်ဆုံးသည့်ရက်၊
(၂) ဗဟိုဘဏ်က ရပ်စဲရန် ဆုံးဖြတ်သည့်ရက်၊
(၃) တရားရုံးက ရပ်စဲရန် ဆုံးဖြတ်သည့်ရက်၊
(ခ) အုပ်ချုပ်သူသည် ခန့်ထားမှုရပ်စဲသည့်ရက်မှ အလုပ်လုပ်ရက် ၂၀ ရက်အတွင်း အုပ်ချုပ်သူအဖြစ် ဆောင်ရွက်ချက် အပြီးသတ် အစီရင်ခံစာကို ဗဟိုဘဏ်သို့ တင်ပြရမည်။