ပုဒ်မ ၈၄
ပုဒ်မ ၈၄
အထွေထွေ

ဦးစီးဌာနသည်-

(က) နိုင်ငံတော်က လက်ခံအတည်ပြုထားသော အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးကွန်ဗင်းရှင်းများပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင်သည်။

(ခ) အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးကွန်ဗင်းရှင်းများနှင့်အညီ ဆက်သွယ်ရေးနည်းပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာစာမေးပွဲများကို သတ်မှတ်ချက်များနှင့်အညီ စီစဉ်ကျင်းပပြီး အောင်လက်မှတ်များ ထုတ်ပေးနိုင်သည်။