ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ ဗဟိုဘဏ်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) လိုင်စင်ထုတ်ပေးခြင်း၊
(ခ) မှတ်ပုံတင်ပေးခြင်း၊ အတည်ပြုခြင်းနှင့် လုပ်ပိုင်ခွင့်အပ်နှင်းခြင်း၊
(ဂ) ဘဏ်နှင့်ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအား ဤဥပဒေနှင့်အညီ ကြပ်မတ် ကွပ်ကဲခြင်းနှင့်ကြီးကြပ် စစ်ဆေးခြင်း၊
(ဃ) ဘဏ်နှင့်ဘဏ် မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအား ဤဥပဒေအရ ထုတ်ပြန်ထား သော အမိန့်၊ စည်းမျဉ်း၊ ညွှန်ကြားချက်နှင့် လမ်းညွှန်ချက်များကို လိုက်နာစေခြင်း၊
(င) ဘဏ်နှင့်ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းအား သတ်မှတ်ချက်များနှင့်အညီ သတင်း အချက်အလက်များနှင့် ကာလအလိုက် အစီရင်ခံစာများကို ဗဟိုဘဏ်သို့ တင်ပြစေခြင်း၊
(စ) ဘဏ်လုပ်ငန်းစနစ်နှင့် ငွေပေးချေမှုစနစ်တွင် ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုရယူသူ အကာ အကွယ်ပေးမှုကို ဖော်ဆောင်မြှင့်တင်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း၊
(ဆ) ဤဥပဒေနှင့်အညီအပ်နှင်းသည့် အခြားလုပ်ပိုင်ခွင့်များ။