ပုဒ်မ ၇
ပုဒ်မ ၇
ကင်းလွတ်ချက်များ

ဆောင်ရွက်ဆဲ တရားစီရင်သောမှုခင်းတစ်ရပ်နှင့်စပ်လျဉ်း၍ တရားမျှတပြီး မှန်ကန်တိကျခိုင်လုံသော အကြောင်းအရာတစ်ရပ်ရပ်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်သင်္ကေတဖြင့်ဖြစ်စေ၊ ထင်ရှားသောပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့်ဖြစ်စေ ထုတ်ဖော်ကြေညာခြင်း၊ သတင်း အဖြစ်ရေးသားဖော်ပြခြင်း သို့မဟုတ် ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းသည် တရားရုံးကို မထီမဲ့မြင်ပြုမှု မမြောက်စေရ။