ပုဒ်မ ၄၉
ပုဒ်မ ၄၉
ကလေးသူငယ်များ အလုပ်လုပ်ကိုင်ခြင်းနှင့် အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည်-

(က) ဘေးအန္တရာယ်ဖြစ်စေနိုင်သော လုပ်ငန်းအမျိုးအစားများ၊ လုပ်ငန်းခွင်များကို သက်ဆိုင်ရာ အလုပ်ရှင်အဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး သတ်မှတ်ထားရမည်။

(ခ) ဤဥပဒေနှင့်အညီ ကလေးသူငယ်များ အလုပ်လုပ်ကိုင်ခွင့်ရရှိရေး၊ အလုပ်လုပ်ကိုင်သော ကလေး သူငယ်များအား ကာယိန္ဒြေပျက်ပြားစေမည့် အပြုအမူ၊ အပြောအဆိုအပါအဝင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ ရပိုင်ခွင့်များထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် ကာကွယ် စောင့်ရှောက်ရေး တို့အတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်ညှိနှိုင်းပြီး စီမံဆောင်ရွက်ရမည်။