ပုဒ်မ ၃၆
ပုဒ်မ ၃၆
ပြိုင်ဆိုင်မှုကို ဆန့်ကျင်သည့် လုပ်ဆောင်ချက်များအား တားမြစ်ခြင်း

လုပ်ငန်းလိုင်စင်ရရှိသူသည် အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ပုဂ္ဂိုလ်တစ်ဦးဦး၊ ဌာန သို့မဟုတ် အဖွဲ့အစည်းတို့နှင့် နားလည်မှုရယူဆောင်ရွက်ခြင်း၊ သဘောတူညီမှုရယူခြင်း၊ အစီအစဉ်များပြုလုပ်ခြင်း သို့မဟုတ် စာချုပ်ချုပ်ဆိုခြင်းများ မပြုလုပ်ရ-

(က) မိမိဆန္ဒအတိုင်း နှုန်းထားပြင်ဆင်သတ်မှတ်ရန် ဆောင်ရွက်ခြင်း၊

(ခ) ပြိုင်ဆိုင်မှုကို လျော့နည်းစေရန်ရည်ရွယ်ချက်ဖြင့် ဈေးကွက်အား ခွဲဝေရယူရန် ဆောင်ရွက်ခြင်း၊

(ဂ) ဆက်သွယ်ရေးပစ္စည်းထောက်ပံ့သူ၊ ရောင်းချသူတစ်ဦးဦးထံမှ ဝယ်ယူခြင်းမပြုရန် ဆောင်ရွက်ခြင်း၊

(ဃ) မိမိပြိုင်ဘက်တစ်ဦးဦးအား မတရားသောနည်းလမ်းဖြင့် ဆန့်ကျင်မှုပြုခြင်း။