အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း (Worst forms of child labour) ဆိုရာတွင် အောက်ပါ ပြုလုပ်မှုတစ်ခုခု ပါဝင်သည်-
(၁) ကလေးသူငယ်ကို ရောင်းချခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ ကျေးပိုင်ကျွန်ပိုင် ပြုလုပ်ခြင်း၊ လူကုန်ကူးမှုကျူးလွန်ခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း၊ လက်နက်ကိုင်ပဋိပက္ခတွင် အသုံးချရန် အဓမ္မ သို့မဟုတ် မလုပ်မနေရစုဆောင်းခြင်း အပါအဝင် အဓမ္မအလုပ်ခိုင်းစေခြင်း သို့မဟုတ် မလုပ်မနေရအလုပ်ခိုင်းစေခြင်း၊
(၂) ပြည့်တန်ဆာ ပြုလုပ်ခိုင်းစေရေးအတွက်ဖြစ်စေ၊ ကလေးသူငယ်ညစ်ညမ်းပုံပြုလုပ်ဖြန့်ဖြူးခြင်းပြု ရေးအတွက်ဖြစ်စေ၊ ညစ်ညမ်းပုံပြသ သရုပ်ဆောင်ရေးအတွက်ဖြစ်စေ ကလေးသူငယ်ကို သွေးဆောင် ဖြားယောင်းခြင်း၊ ဝယ်ယူခြင်း၊ အသုံးပြုခြင်း သို့မဟုတ် ကမ်းလှမ်းခြင်း၊
(၃) မူးယစ်ဆေးဝါးထုတ်လုပ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးအပါအဝင် မူးယစ်ဆေးဝါးတရားမဝင် လုပ်ကိုင်ဆောင်ရွက်မှုများအတွက် ကလေးသူငယ်ကို သွေးဆောင်ဖြားယောင်းခြင်း၊ ဝယ်ယူခြင်း၊ အသုံး ပြုခြင်း သို့မဟုတ် ကမ်းလှမ်းခြင်း၊
(၄) လုပ်ကိုင်သော အလုပ်သဘာဝနှင့်အခြေအနေများအရ ကလေးသူငယ်၏ကျန်းမာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး သို့မဟုတ် အကျင့်စာရိတ္တကို ထိခိုက်ပျက်ပြားစေသော အလုပ်ခိုင်းစေခြင်း။