မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံ ရလျှင် ထိုသူကို ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်သုံးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် -
(က)သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်ကိုအမဲလိုက်ခြင်း သို့မဟုတ် ရောင်းချခြင်း၊ ယင်းတောရိုင်းတိရစ္ဆာန်ကိုဖြစ်စေ၊ ယင်း၏အစိတ်အပိုင်းကိုဖြစ်စေ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ သယ်ဆောင်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း၊
(ခ) ကာကွယ်ထားသည့် သဘာဝအပင်တစ်မျိုးမျိုးကို သတ်မှတ်ထားသည့် နေရာဒေသအတွင်း ခွင့်ပြုချက်မရှိဘဲ ထုတ်ယူခြင်း၊ စုဆောင်းခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ဖျက်ဆီးခြင်း၊
(ဂ) သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း သို့မဟုတ် ဂေဟ စနစ်ကိုဖြစ်စေ၊ သဘာဝအနေအထားတစ်ခုခုကိုဖြစ်စေ ဖျက်ဆီးခြင်း၊
(ဃ) သဘာဝထိန်းသိမ်းရေးနယ်မြေ၏ နယ်နိမိတ်အမှတ်အသား တစ်ခုခုကိုဖြစ်စေ၊ အစိုးရအဖွဲ့ က စီမံအုပ်ချုပ်သည့် သို့မဟုတ် အစုရှယ်ယာ မတည်ငွေရင်းပါဝင်သည့် တိရစ္ဆာန်ဥယျာဉ် သို့မဟုတ် ရုက္ခဗေဒဥယျာဉ်၏ နယ်နိမိတ်အမှတ်အသားတစ်ခုခုကိုဖြစ်စေ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲပြင်ဆင်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ပုံသဏ္ဌာန်ပျက်စေရန် ပြုလုပ်ခြင်း။