သက်ဆိုင်ရာ မွေးစားခြင်းမှတ်ပုံတင် လူမှုဝန်ထမ်းအရာရှိသည်-
(က) ပုဒ်မ ၂၇ အရ မွေးစားခွင့်ပြုရန် လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ ခွင့်ပြုပါက မွေးစားခွင့်ပြုသူနှင့် မွေးစားလိုသူအား သတ်မှတ်ချက်များနှင့်အညီ မွေးစားစာချုပ် ချုပ်ဆိုစေပြီး မွေးစားခြင်းကို သက်ဆိုင်ရာ လူမှုဝန်ထမ်း ဦးစီးမှူးရုံးတွင် မှတ်ပုံတင်ရ မည်။
(ဂ) ပုဒ်မခွဲ (ခ) အရ မှတ်ပုံတင်၍ မွေးစားသည့် စာရင်းကိုလည်းကောင်း၊ ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ဂ) အရ သက်ဆိုင်ရာစာချုပ်စာတမ်းမှတ်ပုံတင်ရုံးက ပေးပို့လာသော မွေးစားသည့် စာရင်းကိုလည်းကောင်း မွေးစားစာချုပ် မိတ္တူများပူးတွဲ၍ လူမှုဝန်ထမ်းဦးစီးဌာနသို့ တင်ပြရမည်။