ပုဒ်မ ၃၆
ပုဒ်မ ၃၆
စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

သစ်တောအရာရှိသည် ရာသီအလိုက် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်ကို တားမြစ် ထားသည့်ရာသီအတွင်း ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း၊ အနာတရဖြစ်စေခြင်း သို့မဟုတ် စီးပွားရေးအလို့ငှာ မွေးမြူခြင်းပြုလုပ်သူအား အနည်းဆုံး ကျပ်ခုနှစ်သောင်းမှ အများဆုံး ကျပ်နှစ်သိန်းအထိ ဒဏ်ကြေးငွေကို ပေးဆောင်စေရန် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့် ချမှတ်နိုင်သည်။