ပုဒ်မ ၃၄
ပုဒ်မ ၃၄
စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

အုပ်ချုပ်ရေးမှူးသည် သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်းဖြစ်စေ၊ အစိုးရအဖွဲ့က စီမံ အုပ်ချုပ်သည့် သို့မဟုတ် အစိုးရအဖွဲ့က အစုရှယ်ယာမတည်ငွေရင်း ပါဝင်သည့် တိရစ္ဆာန် ဥယျာဉ် သို့မဟုတ် ရုက္ခဗေဒဥယျာဉ်အတွင်းဖြစ်စေ အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန် သူအား အနည်းဆုံး ကျပ်တစ်သောင်းမှ အများဆုံး ကျပ်သုံးသောင်းအထိ ဒဏ်ကြေးငွေကို ပေးဆောင်စေရန် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ချမှတ်နိုင်သည် -

(က) အများပြည်သူ ကြည့်ရှုလေ့လာအပန်းဖြေခွင့်ပြုထားသောနေရာသို့ သတ်မှတ်သည့် စည်းကမ်းနှင့် မညီညွတ်ဘဲ ဝင်ရောက်ခြင်း၊

(ခ) အများပြည်သူ ကြည့်ရှုလေ့လာအပန်းဖြေခွင့်ပြုထားသောနေရာမှအပ တားမြစ်ထားသော နေရာသို့ ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်ခြင်း၊

(ဂ) လူတို့မွေးမြူထားသော တိရစ္ဆာန်ကို စားကျက်ချခြင်း၊ လွှတ်ကျောင်းခြင်း သို့မဟုတ် ကျူးကျော်ဝင်ရောက်စေခြင်း၊

(ဃ) ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များကို ခြောက်လှန့်ခြင်း သို့မဟုတ် တမင် အနှောင့်အယှက်ပေးခြင်း၊

(င) သဘာဝအပင်နှင့် စိုက်ပျိုးထားသည့် အပင်တစ်မျိုးမျိုးကို တစ်နည်းနည်းဖြင့်ပျက်စီးစေ ခြင်း၊ ခွင့်ပြုချက်မရှိဘဲ ခူးဆွတ်ခြင်း၊ ချိုးဖဲ့ခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်း။